ရရာနည်းလမ်းဖြင့် ဖက်ဆစ်ဝါဒကို အနိုင်ယူရမည်
By Darian Worden. Original: We Must Defeat Fascism by Any Means Necessary, published on December 5th 2017. Translated into Burmese by Hein Htet Kyaw.
ဖက်ဆစ်လှုပ်ရှားမှုများသည် နိုင်ငံရေးအကြမ်းဖက်မှုများဖြင့် ပြုလုပ်ထားကြခြင်းဖြစ်သည်။ ဖက်ဆစ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုချင်းဆီတိုင်းမှာ သူတို့ပစ်မှတ်ထားသည့် လူတစ်ဦးချင်းစီ၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ဖက်ဆစ်ဝါဒ အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ ၎င်းသည် ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ အမျိုးသားရေးခေါင်းဆောင်များသည် ဖက်ဆစ်ဝါဒီများအတွက် နိုင်ငံရေးအာဏာတံခါးများကို ဖွင့်ပေးမည်ဆိုပါက ဘေးဥပဒ်ရလဒ်များသာ ရရှိမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရအား လက်ရှိတာဝန်ယူနေသော အမျိုးသားရေးဝါဒီအာဏာရှင်များသည် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်ကို အကျိုးပြုမည်ဟု ယုံကြည်ပါက နောက်ဆုံးတွင် ဖက်ဆစ်ဝါဒီများကိုပင် ထောက်ခံကြမည်ဖြစ်သည်။ ဖက်ဆစ်ဝါဒကို ထိထိရောက်ရောက် နှောင့်ယှက်ရန်နှင့် ဖက်ဆစ်တို့၏ ပုံဖော်မှုများကို နှောင့်ယှက်ရန် ဗျူဟာမြောက် ထည့်သွင်းစဉ်းစားခြင်းဖြင့် တိုက်ပွဲဝင်ရမည်ဖြစ်သည်။
ဖက်ဆစ်ဝါဒသည် ပြင်းထန်သော အာဏာရှင်စနစ်တစ်မျိုးဖြစ်သည်။ ၎င်းသည် သီးခြားဆန်သော အမျိုးသားရေးနှင့် လူမျိုးရေးသင်္ကေတများကို အခြေခံ၍ လူ့အဖွဲ့အစည်း၏ အစွန်းရောက်အသွင်ကူးပြောင်းမှု၊ ပြည်တွင်းပြည်ပရန်သူများကို ပစ်မှတ်ထားသော အစုလိုက်အပြုံလိုက် စည်းရုံးမှု၊ ရုန်းကန်မှုမှတစ်ဆင့် လူထုအပေါ် သြဇာတိက္ကမကြီး ဆွဲဆောင်မှုရှိသော ခေါင်းဆောင်တစ်ဦး၏ အမိန့်နှင့် ကြမ်းတမ်းသော ရှေ့ပြေးတပ်များ အပေါ်တွင် အခြေခံထားသည်။ ဖက်ဆစ်ဝါဒ၏ ရန်သူများသည် နိုင်ငံတော်၏ အယူအဆကို အားနည်းစေသည်ဟု အပြစ်တင်ကြသည်။ ဆိုရှယ်လစ်များနှင့် ဆက်နွှယ်သော လူတန်းစား ပဋိပက္ခ၊ လစ်ဘရယ်များနှင့် ဆက်နွှယ်သော တစ်သီးပုဂ္ဂလဝါဒနှင့် နှစ်ခုလုံးနှင့် ဆက်စပ်နေသော နိုင်ငံတကာဝါဒကြောင့် နိုင်ငံသည် အားနည်းသွားသည်ဟု ၎င်းတို့က ပုံမှန်အားဖြင့် ဆိုကြသည်။ ဖက်ဆစ်လှုပ်ရှားမှုများသည် Slavic၊ ဂျူး၊ လူမည်း သို့မဟုတ် LGBT လူ့အဖွဲ့အစည်းဝင်တို့ကို ပစ်မှတ်ထားကာ နိုင်ငံရေးလူနည်းစုအချို့ကို ပေါင်းစပ်ရှာဖွေသည်။ ဖက်ဆစ်ဝါဒီများသည် အများအားဖြင့် ၎င်းတို့၏လူမျိုး သို့မဟုတ် နိုင်ငံတော်ကို အောင်ပွဲတစ်မျိုးမျိုးဖြင့် ရွေးနှုတ်နိုင်သည့် ကြီးလေးသောမတရားမှု၏ သားကောင်အဖြစ် တင်ပြကြသည်။ ဖက်ဆစ်ဝါဒကို ဟစ်တလာကဲ့သို့ အမျိုးသားဆိုရှယ်လစ်ဝါဒဟု ဖော်ပြနိုင်သည်။ “နေရှင်နယ်” ဟူသော စကားလုံးသည် ဖက်ဆစ်စည်းလုံးညီညွတ်မှုသည် စီးပွားရေး လူတန်းစား သို့မဟုတ် နိုင်ငံတကာ သဘောသဘာဝတွင် အမြစ်တွယ်ခြင်းမရှိသော အမျိုးသားရေး သီးသန့်ဖြစ်ပြီး လူတန်းစားမျဉ်းများကို ဖြတ်ကျော်ကာ အထက်တန်းအဆင့်ကို လက်ခံရန် ဒီဇိုင်းထုတ်ထားသောကြောင့် နေရှင်နယ် ဟူသော စကားလုံးသည် အရေးကြီးသော ပြုပြင်မွမ်းမံမှုတစ်ခုပင်ဖြစ်သည်။ အာဏာသဘောတွင်မူ ဖက်ဆစ်ဝါဒီများသည် ၎င်းတို့ လက်ခံနိုင်သော နိုင်ငံရေးအမြင်နှင့် လူမျိုးစုနောက်ခံရှိသော စီးပွားရေးအရအထက်တန်းစားလူတန်းစားဝင်များ၏ အာဏာကို မပျက်မစီး ထိန်းသိမ်းထားစေပြီး ပိုင်ဆိုင်မှု ဆက်ဆံရေးကို အနည်းငယ်သာ ပြောင်းလဲစေသည်။
ဖက်ဆစ်ဝါဒအောက်တွင် လူတစ်ဦးချင်းစီသည် လွတ်လပ်ခွင့်မရှိသည့်အပြင် လွှမ်းမိုးကြီးစိုးသောလူ့အသိုက်အဝန်း၏ လက်အောက်ခံဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များသည် ဖက်ဆစ်အကြမ်းဖက်မှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုတွင် ပါဝင်ခြင်းဖြင့် ရရှိသော ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုဖြင့် ၎င်းတို့၏ ဆုံးရှုံးသွားသော လွတ်လပ်မှုကို အစားထိုးရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။ အခြားသူများအတွက်မူ ရန်သူအဖြစ်သာ အခန်းကဏ္ဍရရှိရှာသည်။ အာဏာရှင်ဥာဥ်ဖြင့် ဖက်ဆစ်ဝါဒသည် ဖိနှိပ်ချုပ်ချယ်ခြင်းကင်းသော ပုဂ္ဂလိကလှုပ်ရှားမှုများအား ကျူးကျော်ထိန်းချုပ်ဖိနှိပ်ရန် ကြိုးပမ်းသည်။ ပုံမှန်အားဖြင့် ၎င်းသည် နိုင်ငံအတွင်းရှိ အမျိုးသားနှင့် အမျိုးသမီးများအတွက် အတော်လေး တင်းကျပ်သော ပုံသေခေါက်ရိုးကျိုး အခန်းကဏ္ဍများကို သတ်မှတ်ပေးသည်။ ဖက်ဆစ်ဝါဒသည် အမြဲတစေ ဒီမိုကရေစီအစိုးရကို ဆန့်ကျင်နေပြီး အာဏာကို စုစည်းရာတွင် အသုံးဝင်သည့်အခါ လွှတ်တော်အမတ်များကို မဟာမိတ်များအဖြစ်သာ အသုံးပြုသည်။ အများအားဖြင့် (အထူးသဖြင့်) ခေါင်းဆောင်၏ သရုပ်ဖော်မှုအဖြစ် စိတ်အားထက်သန်မှုနှင့် ဆန္ဒအား ဉာဏ်ရည်ဉာဏ်သွေးနှင့် ဆင်ခြင်တုံတရားတို့ထက် အလေးပေးကြသည်။ စည်းစနစ်ကျနမှုနှင့် တိကျမှုတို့ကို ဝါဒဖြန့်နေသော်လည်း ဖက်ဆစ်ဝါဒသည် စည်းမဲ့ကမ်းမဲ့နှင့် ကြမ်းတမ်းသည်။
ဥရောပသမိုင်းတွင် ကွန်ဆာဗေးတစ်နိုင်ငံရေးအထက်တန်းလွှာများသည် လက်ဝဲအင်အားစုတို့ကို အာဏာမရစေရန် ကြိုးပမ်းခြင်းဖြင့် ဖက်ဆစ်ဝါဒီများကို လူထုထောက်ခံမှုရရှိစေပြီး အမျိုးသားခေါင်းဆောင်မှုသို့ ရောက်ရှိအောင် မရည်ရွယ်သော်လည်း ကူညီပေးခဲ့၏။ ဖက်ဆစ်ဝါဒီများသည် နိုင်ငံရေးအာဏာရရှိစေမည့် အခြေအနေများကို ဖန်တီးရန် ကြိုးပမ်းမည်ဖြစ်သောကြောင့် ဖက်ဆစ်လှုပ်ရှားမှုသည် အောင်မြင်မှုအရှိန်အဟုန်ဖြင့် အမြဲတစေ နိုင်ငံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ နိုင်ငံရေးအာဏာမရှိသည့်တိုင် ဖက်ဆစ်လှုပ်ရှားမှုများသည် ဘေးဖယ်ခံထားရသူများကို အကြမ်းဖက်ခြင်းဖြင့် ၎င်းတို့၏အဖွဲ့အစည်းကို တည်ဆောက်မည်ဖြစ်သောကြောင့် အများပြည်သူဘေးကင်းရေး ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်သည်။
လူသားမျိုးနွယ်အပေါ် အသိအမှတ်ပြုထားသော ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းအပေါ် အခြေခံသည့် လှုပ်ရှားမှုသည် အတွေးအခေါ်ဈေးကွက်ရှိ အခြားသော နိုင်ငံရေးလှုပ်ရှားမှုတစ်ခုမျှသာဖြစ်သည်ဟု လက်မခံသင့်ပါ။ အကြမ်းဖက်မှု သမိုင်းကြောင်းများဖြင့် ပြည့်နှပ်နေသောလှုပ်ရှားမှုတို့တွင် ပါဝင်သူတွေဟာ ငြိမ်းချမ်းစွာ စုဝေးပွဲတွေ ကျင်းပချင်မယ်ဟု မျှော်လင့်ခြင်းဟာ လေပေါ်တိုက်ဆောက်ခြင်းသက်သက်ဖြစ်တာမို့ မလုပ်သင့်သော လုပ်ရပ်ပင်။ ဝေဖန်သူများကို ပုံမှန်ခြိမ်းခြောက်နေသူများထံမှ လွတ်လပ်စွာပြောဆိုခွင့်ကို ဂရုစိုက်သည့်ဟန်ဆောင်မှုများကို ကျွန်ုပ်တို့ လက်မခံသင့်ပါ။
၎င်းတို့၏ ပြိုင်ဘက်များ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ခိုက်ရန် ဖက်ဆစ်ဝါဒီများက ဆိုရှယ်မီဒီယာကို အသုံးပြုစုဝေးကာ ပြုလုပ်သော အကြမ်းဖက်ခြိမ်းခြောက်မှုများဖြစ်စေ သို့မဟုတ် နိုင်ငံရေးဆန္ဒပြပွဲများ၏ ဖုံးကွယ်မှုအောက်တွင် စုရုံးနေသော အကြမ်းဖက်လုပ်ရပ်များဖြစ်စေတို့ဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုကြသည်။
ဖက်ဆစ်ဝါဒီများသည် 2017 ခုနှစ် သြဂုတ်လတွင် ဗာဂျီးနီးယားပြည်နယ် Charlottesville ကို ကျူးကျော်ခဲ့သည်။ ၎င်းတို့သည် နာဇီဂျာမနီခေတ်က ကြွေးကြော်သံများအပြင် ဂျူးဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ မီးရှူးမီးတန်းများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ အမှန်တကယ် ငြိမ်းချမ်းသော ဆန္ဒပြသူများနှင့် ကြုံတွေ့ရသောအခါတွင် မီးတုတ်များဖြင့် ထိမှန်ကာ မီးလောင်ရည်များ လှမ်းပက်ကြသည်။ နောက်တစ်နေ့တွင် ဖက်ဆစ်ဝါဒီများက လူမည်းတစ်ဦးအား အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ပြီး အန်တီဖာ (ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစု) မှ မနှင်ထုတ်မီ ငြိမ်းချမ်းစွာ လာရောက် ဆန္ဒပြကြသော ဘာသာရေးခေါင်းဆောင်များအားလည်း ခြိမ်းခြောက်ခဲ့သည်။ ဖက်ဆစ်တစ်ဦးသည် ISIS (အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့) အကြမ်းဖက်သမားများကဲ့သို့ လူအုပ်ထဲသို့ သူ့ကားကို အရှိန်မြှင့်လိုက်ပြီးနောက် Heather Heyer သတ်ဖြတ်မှုအား သူတို့အတွက် ပွဲခံစရာတစ်ခုအဖြစ် ဆင်ခြေအဖြစ် အသုံးချကာ သီလကင်းမဲ့သော အကျင့်ဆိုးများနှင့်အတူ မကြာခဏဆိုသလို ထွက်ပေါ်လာခဲ့သည်။ ဖက်ဆစ်စည်းရုံးရေးကို ထိထိရောက်ရောက် နှောင့်ယှက်သောအခါ ဖက်ဆစ်ဝါဒီများအတွက် အကြမ်းဖက်မှု ကျူးလွန်ရန် ပိုမိုခက်ခဲလာသည်။
ဖက်ဆစ်ဝါဒကို အခြားအာဏာရှင်ပုံစံများထက် ကွဲပြားစွာ ဆက်ဆံရမည်ဟူသော အကြောင်းရင်းမှာ ဖက်ဆစ်ပရောဂျက်အတွက် အကြမ်းဖက်မှု၏ ဗဟိုချက်ဖြစ်နေခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အာဏာရှင်ကွန်မြူနစ်ဝါဒသည် အမျိုးသားနိုင်ငံရေးအာဏာကို ရယူပါက ဘေးဥပဒ်ဖြစ်မည်ဖြစ်သော်လည်း ကွန်မြူနစ်များသည် အကြမ်းဖက်လှုပ်ရှားမှုတည်ဆောက်ခြင်းအပေါ် အားကိုးနိုင်ခြေနည်းပြီး ကွန်မြူနစ်အစိုးရများသည် အာဏာရှင်အကြမ်းဖက်မှုကို ဗဟိုမပြုသောအရာများကို ဆယ်စုနှစ်များစွာကြာ မပြုလုပ်ပဲ တည်ရှိနေခဲ့ဖူးသည်။ ကွန်မြူနစ်အစိုးရများသည် အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း ဆိုဗီယက်လက်နက်ကိုင်တို့က လူမျိုးတုံးသတ်ဖြတ်မှုများကို ပိတ်ဆို့ခဲ့သည်တို့လည်း ရှိဖူးသည်။ အာဏာရှင်ကွန်မြူနစ်ဝါဒသည် မကြာမီအချိန်အတွင်း အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအာဏာနှင့် နီးကပ်လာလိမ့်မည်မဟုတ်ပေ။
အာဏာရှင် ကွန်မြူနစ်များသည် ဖက်ဆစ်ဝါဒကို ဆန့်ကျင်သည့် အယုံကြည်ရဆုံး မဟာမိတ်များ မဟုတ်ကြောင်းကိုလည်း သတိပြုသင့်သည်။ USSR နှင့် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုများသည် ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရာတွင် စပိန်သမ္မတနိုင်ငံ၏ မဟာမိတ်အဖြစ် ပါဝင်ပတ်သတ်ခဲ့သလို ဆိုဗီယက်တို့သည် ၁၉၄၁ ခုနှစ်တွင် နာဇီဂျာမနီတို့၏ကျူးကျော်စစ်ကို မဆုတ်မနစ် တိုက်ပွဲဝင် တွန်းလှန်ခဲ့ကြသည်။ သို့သော် 1939 ခုနှစ်တွင် နာဇီဂျာမနီနှင့် ဆိုဗီယက်ယူနီယံတို့သည် Molotov-Ribbentrop Pact ကို လက်မှတ်ရေးထိုးခဲ့ပြီး စတာလင်အပေါ်သစ္စာခံသော ကွန်မြူနစ်များအား နာဇီဂျာမနီတို့၏ ယာယီမိတ်ဆွေများအဖြစ် ရပ်တည်စေခဲ့သည်။ အဆိုပါစာချုပ်သည် ဟစ်တလာအား အရှေ့ဥရောပတွင် ၎င်း၏လူမျိုးရေးစစ်ပွဲကို စတင်နိုင်စေခဲ့ပြီး နှစ်နိုင်ငံကြား သိမ်းပိုက်ခြင်း၏ လုယူမှုများကိုပင် ပိုင်းခြားစေခဲ့သည်။ စစ်ပြီးခေတ်အစောပိုင်း ဆိုဗီယက်ယူနီယံတွင် ဂျူးဆန့်ကျင်ရေးအသုံးအနှုန်း “ကျောရိုးမဲ့ နိုင်ငံတကာဝါဒီ” သည် အစိုးရကအသုံးပြုသော ပြင်းထန်သည့် တံဆိပ်ကပ်မှုဖြစ်ပြီး၊ ဂျူးအများစုအား “နိုင်ငံတကာကြီးစိုးရေးဝါဒီ” များအဖြစ် အမည်တပ်ကာ ဆန့်ကျင်သည့် လက်ယာအာဏာရှင်တို့၏ နိုင်ငံရေးလှုပ်ရှားမှုဟန်နဲ့ အတော်လေးဆင်သည်။
ဖက်ဆစ်ဝါဒ၏ ရပ်တည်ချက်သည် အာဏာရှင် အမျိုးသားရေးဝါဒနှင့် ဆက်စပ်နေပါသည်။ Donald Trump သည် ဖက်ဆစ်ဝါဒီများကို အားပေးပြီး Stephen Bannon နှင့် Sebastian Gorka ကဲ့သို့သော ဖက်ဆစ်ဝါဒီများကို အလုပ်ခန့်ထားသော်လည်း သူကိုယ်တိုင်ကမူ စစ်မှန်သော ဖက်ဆစ်လှုပ်ရှားမှုကို မစီစဉ်ထားပေ။ သူ၏ အုပ်ချုပ်ရေးကို တစ်ယူသန်မှုကို အားပေးသည့် ကလက်တိုကရက်တစ် (သူခိုးဓါးရိုးကမ်း) အာဏာရှင် အမျိုးသားရေးဝါဒအဖြစ် သတ်မှတ်နိုင်သည်။
ရုရှား ဗလာဒီမာပူတင်၏ အစိုးရသည်လည်း ကလက်တိုကရက်တစ်အာဏာရှင် အမျိုးသားရေးဝါဒ၏ စံနမူနာဖြစ်နိုင်သည်။ ရုရှားအာဏာပိုင်များသည် ကင်းစောင့်များနှင့် Cossacks များကို ၎င်းတို့၏လက်ထဲသို့ ကိစ္စများယူဆောင်ရန် ပျော့ပျောင်းနေပြီး ပူတင်နှင့် အဆက်အသွယ်ရှိသည့် မော်တော်ဆိုင်ကယ်ဂိုဏ်းသည် တစ်ခါတစ်ရံတွင် အရံတပ်များ သို့မဟုတ် ဝါဒဖြန့်သူများအဖြစ် လုပ်ဆောင်နေသော်လည်း ပူတင်တွင် စစ်မှန်သော ဖက်ဆစ်ဝါဒီများကဲ့သို့ တရားဝင် အရံတပ်ဖွဲ့မရှိ၊ စည်းရုံးခြင်းထက် လူဦးရေရရှိမှုကို ပိုနှစ်သက်သည်။ ရုရှားအစိုးရအေးဂျင့်များသည် အနောက်နိုင်ငံများတွင် ဖက်ဆစ်လှုပ်ရှားမှုကို မြှင့်တင်ကာ ဆိုရှယ်မီဒီယာပေါ်တွင် ဖက်ဆစ်ပုံဖော်မှုဇာတ်ကြောင်းများကို တွန်းအားပေးသော်လည်း ပူတင်သည် နာဇီဂျာမနီ၏သင်္ကေတများရှိသူ မည်သူမဆိုနှင့် လူသိရှင်ကြား ခပ်ကင်းကင်းနေရမည်ဖြစ်သည်။
တစ်ဖက်တွင် Trump တွင် ဟစ်တလာတို့နှင့်ဆင်တူသော အာဏာရှင်အမျိုးသားရေးဝါဒ ရောင်စဉ်ရှိနေသည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့ကို ကွဲပြားသောလှုပ်ရှားမှုနှစ်ခုအဖြစ် မြင်ရန်မှာ ပို၍မှတ်သားစရာဖြစ်သည်။ အရေးကြီးသော ခြားနားချက်တစ်ခုလည်းဖြစ်ပြန်သည်။ Trump (ထရန့်) ၏ အာဏာရှင်အမျိုးသားရေးဝါဒသည် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးယဉ်ကျေးမှုကို ကြီးမားစွာထိခိုက်စေခဲ့ပြီး ၎င်းကိုယ်တိုင်က မကြာသေးမီကာလအတွင်း အဖိနှိပ်ခံတို့အား ပိုမိုခြိမ်းခြောက်လာစေသည်။ ထရန့်ဝါဒ သည် လူ့အဖွဲ့အစည်းအတွင်း အနစ်ထိုင် အမြစ်မတွယ်သင့်ပါ။ တစ်ချိန်တည်းမှာပင် ဖက်ဆစ်ဝါဒသည် အပြတ်အသတ်အားဖြင့် ရီပတ်ဘလစ်ကန်ပါတီအတွင်း လက်ရှိလွှမ်းမိုးနေသော အင်အားစုနှင့် ပိုမိုဆက်စပ်လာပါက အန္တရာယ်ရှိမည်ဖြစ်သည်။ Trump ကို မဲပေးသူတိုင်းကို ဖက်ဆစ်ဆန့်ကျင်ရေးသမားများက တိုက်ခိုက်နေသည်ဟု သရုပ်ဖော်ထားသောကြောင့် ဖက်ဆစ်ဝါဒီများသည် ၎င်းတို့ကိုယ်ကို သာမန် ထရန့် ထောက်ခံသူများအဖြစ် တင်ပြရန် ကြိုးစားနေကြောင်း ပိုမိုထင်ရှားလာသည်။ ထရန့် သည် ဖက်ဆစ်ဝါဒ၏ လုပ်ဟန်နှင့် အပြောအဆိုတို့ကို လူတောတိုးလာစေပြီး သူ၏နိုင်ငံရေးသည် ဖက်ဆစ်ဝါဒကို ကြီးထွားစေရန် ကူညီပေးသော်လည်း ဖက်ဆစ်ဝါဒကိုမူ အနည်းဆုံးတော့ ယခုအချိန်အထိ အပြည့်အဝ လက်ခံထားခြင်းမရှိပေ။ သူသည် ခေါင်းဆောင်ကိုယ်တိုင် ခိုင်းသော ကိုယ်ပိုင် အရံတပ်ကို မဖန်တီးခဲ့ခြင်းဖြင့် ဖက်ဆစ်ဝါဒီများကဲ့သို့ သူ့ကိုယ်ပိုင်ဘဝအား နိုင်ငံတော်စံများ သွတ်သပ်ခြင်းတို့ကို မလုပ်သေးပေ။
အီတလီနှင့် ဂျာမနီရှိ ဖက်ဆစ်ဝါဒီများသည် အမျိုးသားရေး ခေါင်းဆောင်မှုရရှိရန် နိုင်ငံရေးအထက်တန်းလွှာများနှင့် မဟာမိတ်ဖွဲ့ရန် လိုအပ်သည်။ အကျပ်အတည်းကာလတွင် နိုင်ငံရေးအထက်တန်းလွှာများကို နောက်ထပ်အနှောင့်အယှက်များဖြင့် မစော်ကားရန် အရေးကြီးသည်ဟု စောဒကတက်နိုင်သော်လည်း ပို၍တန်ဖိုးရှိသော သင်ခန်းစာမှာ ဖက်ဆစ်ဝါဒနှင့် မဟာမိတ်ဖွဲ့ခြင်းကို လူထုက သည်းခံမည်မဟုတ်ကြောင်း အထက်တန်းလွှာများအား ပြသရန် အရေးကြီးကြောင်းပင်ဖြစ်သည်။ ထိုသို့သော မဟာမိတ်ဖွဲ့မှုကို ဖက်ဆစ်တို့၏ မည်သည့်အမိန့်ကိုမှ မနာခံခြင်းဖြင့် ထိထိရောက်ရောက်မှ တားဆီးရန် လူ့အဖွဲ့အစည်းတွင် နည်းလမ်းများနှင့် ဆန္ဒများရှိသည်ကို သိစေနိုင်သည်။
အရှိန်အဟုန်ရရှိလာသော ဖက်ဆစ်လှုပ်ရှားမှုသည် ကမောက်ကမဖြစ်မှုကို ဆက်လက်ဖန်တီးပြီး ၎င်း၏ရန်ဘက်များအပေါ် အကြမ်းဖက်မှုကို အပြစ်တင်ရန် လိမ်ညာမှုများကို အသုံးပြုမည်ဖြစ်သည်။ ဖက်ဆစ်တို့သည် ထိရောက်သော အတိုက်အခံတို့နှင့် မရင်ဆိုင်ရသည့်အခါ အနိုင်ရသည့် ဘက်နှင့်တူတယ်။ ဖက်ဆစ်ဝါဒကို ဖော်ဆောင်သူများအတွက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များ ဖန်တီးရန် လူထုသည် ဖက်ဆစ်ဝါဒကို တွန်းလှန်နေသူများကို အားကောင်းလာစေခြင်းဖြင့် တွန်းလှန်ရန် လိုအပ်ပါသည်။ သမိုင်းအချိုးအကွေ့တို့တွင် အာဏာပိုင်များသည် ဖက်ဆစ်အကြမ်းဖက်မှုကို ဖိနှိပ်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆိုပါက လူထုအခြေပြု စည်းရုံးလှုံ့ဆော်မှုတစ်ခုသည် ဖက်ဆစ်ဝါဒအား အနိုင်ယူရန် အဆင်သင့်ဖြစ်နေရပါမည်။
ဖက်ဆစ်တို့ ဖန်တီးထားသည့် ဇာတ်ကြောင်းကို အားမကောင်းစေဖို့ အရေးကြီးပါသည်။ “သူတို့ကို အာရုံစူးစိုက်မှု မပေးဘူးနှင့်” ဟုဆိုလျှင် မှားပါသည်။ ဖက်ဆစ်တို့ တောင့်တခြင်းသည် အာရုံစူးစိုက်မှုမဟုတ်၊ အာဏာနှင့် လုပ်ပိုင်ခွင့်သာဖြစ်သည်။ ဖက်ဆစ်ဝါဒီများမှ တိုက်ခိုက်ရန် ဘေးဖယ်ကျဥ်ထားသူများသည် ၎င်းတို့အား လျစ်လျူရှုနိုင်မည်မဟုတ်သလို မရိုးသားသော အာဏာပိုင်များ၏ တွန်းအားပေးသူများ ဖြစ်လာနိုင်သည်။
ဖက်ဆစ်တို့သည် ၎င်းတို့၏အာဏာအား သရုပ်ပြနိုင်သည့်အခါ အာရုံစူးစိုက်မှုအား နှစ်သက်ကြသည်။ သူတို့၏ လုပ်ရပ်အတွက် အကျိုးဆက်တွေ ကြုံလာတဲ့အခါ မကြိုက်ကြပေ။ ဖက်ဆစ်ဝါဒီများကို အာရုံစူးစိုက်မှုပေးခြင်းသည် ၎င်းတို့အား အာဏာပေးခြင်းဟု အမြဲဆိုလိုခြင်းမဟုတ်ပါ။ သူတို့လိုချင်တဲ့ ဇာတ်ကြောင်းကို ပံ့ပိုးပေးမှုကသာလျှင် သူတို့ကို အားကောင်းစေမည်။ ထိရောက်သော အတိုက်အခံမရှိပါက ၎င်းတို့သည် ပိုမိုအားကောင်းလာမည်။
ဩဂုတ်လ ၁၉ ရက်နေ့ ဘော့စတွန်တွင် ဖက်ဆစ်ဝါဒီများကို ဆန့်ကျင်သည့် ထောင်နှင့်ချီသော လူထုကြီး ချီတက်လာသောအခါတွင် မည်သူက သြဇာကြီးကြောင်းမှာ ထင်ရှားသည်။ သို့သော်လည်း နှစ်ပတ်အကြာတွင် ဘာကလေတွင် အလားတူ စုဝေးခဲ့ကြပြီး ထောင်နှင့်ချီသော လူထုမှ ဖက်ဆစ်တို့အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသော်လည်း ဖက်ဆစ်များနှင့် ၎င်းတို့၏စာနာသူ အာဏာရှင်လက်ယာဝါဒီတို့သည် ဆိုရှယ်မီဒီယာပေါ်ရှိ ဇာတ်ကြောင်းကို ကြိုးကိုင်ခြင်းဖြင့် လူထုအမြင်ကို လွှမ်းမိုး အနိုင်ယူနိုင်ခဲ့သည်။
ကံမကောင်းစွာပင် ဖက်ဆစ်ဝါဒီတို့သည် လမ်းတစ်လျှောက် ချီတက်ဆန္ဒပြနေစဥ် လူထုအား တိုက်ခိုက်သည်ဟုသော သတင်းအစား အန်တီဖာ (ဖက်ဆစ်ဆန့်ကျင်ရေး) တို့မှ သူတို့မကြိုက်တဲ့ ကြုံရာကျပန်းလူတို့အား ရိုက်နှက်တိုက်ခိုင်ကြသည်ဟု ဇာတ်လမ်းအတုများ ဖန်တီးကာ အမေရိကန် သတင်းမီဒီယာတော်တော်များများအား ယုံကြည်စေနိုင်ခဲ့သည်။
ဖက်ဆစ်အကြမ်းဖက်မှုအတွက် အကြောင်းပြချက်ရှာမတွေ့သောအခါ ဖက်ဆစ်များနှင့် ၎င်းတို့၏ ဝါဒဖြန့်သူများသည် တီထွင်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ဒုတိယကမ္ဘာစစ်သည် နာဇီများက ၎င်းတို့၏ကျူးကျော်မှုကို အကြောင်းပြရန် ပိုလန်၏ တိုက်ခိုက်မှုအတုကို ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ လက်ယာအာဏာရှင်ဝါဒီတို့၏ ဝါဒဖြန့်သူများသည် ဖက်ဆစ်ဆန့်ကျင်ရေး (အန်တီဖာ) တို့မှ Trump ထောက်ခံသူများအား ဓားဖြင့်ထိုးရန်ဟူသော လုပ်ကြံအစီအစဉ်အတုများနှင့် ဘာကလေရှိ အမျိုးသမီးတစ်ဦးကို စော်ကားသည်ဟူသော ဇာတ်လမ်းများ ဖန်တီးထားသည်။ ၎င်းတို့ကိုယ်ကို ပွဲလှန့်တုန်း ဖျာခင်းတတ်သော အာဏာရှင်ဝါဒီများအဖြစ်အစား ငြိမ်းချမ်းစွာ ဆန္ဒပြသူများအဖြစ် ပုံဖော်ရန်လည်း ကြိုးစားခဲ့ကြသည်။
ဖက်ဆစ်ဆန့်ကျင်ရေးသမားများသည် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းအပါအဝင် ဖက်ဆစ်ဇာတ်ကြောင်းများကို တန်ပြန်ရန် ပြင်ဆင်သင့်သည်။ ဆိုရှယ်မီဒီယာကို အာဏာရှင်များက အသုံးချနေခြင်းကြောင့် ဆိုရှယ်မီဒီယာတို့သည် တင်ပြလာသော အကြောင်းအရာများကို စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းအတွက် တာဝန်ရှိကြောင်း အများပြည်သူများတို့မှ အသိအမှတ်ပြုသင့်သည်။ ဂျာနယ်လစ်များသည် မှားယွင်းသောတန်းတူပြု ထပ်တူချမှုများနှင့် ဝေဖန်ထောက်ပြမှုမရှိသော အစီရင်ခံခြင်း၏အန္တရာယ်ကို အသိအမှတ်ပြုသင့်သည်။
ဖက်ဆစ်ဝါဒမှ သိမ်းပိုက်လိုသော နိုင်ငံရေးနေရာကို ဦးစွာသိမ်းပိုက်ရန် တရားဝင်နှင့် အလွတ်သဘော အဖွဲ့အစည်းများ တည်ဆောက်ရန် အရေးကြီးပါသည်။ စစ်သွေးကြွများ၏ ခုခံကာကွယ်သည့် ရပ်တည်ချက်ရှိသော အဖွဲ့အစည်းများ အပါအဝင် အားလုံးပါဝင်နိုင်သော ရပ်ရွာတည်ဆောက်ရေးကို အာရုံစိုက်ခြင်းသည် ဖက်ဆစ်များကို ပံ့ပိုးပေးသည့် လက်ယာစွန်းအဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်သည်။ ဖက်ဆစ်ဝါဒကို ဆန့်ကျင်သူများ အနေနှင့် ဖက်ဆစ်အုပ်စုများမှ ထွက်ခွာပြီး ၎င်းတို့ဘက်သို့ ပူးပေါင်းလိုသည့်သူတို့အား လက်ကမ်းကြိုရမည်ဖြစ်သော်လည်း အလွန်သတိထားရမည်လည်းဖြစ်သည်။
ဖက်ဆစ်ဆန့်ကျင်ရေးသမားတို့သည် ဂုဏ်ယူသင့်ပေသည်။ လွတ်လပ်မှုကို ကျွန်ုပ်တို့၏ အမွေအနှစ်နှင့် ဖက်ဆစ်ဆန့်ကျင်ရေးအား ကျွန်ုပ်တို့သမိုင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့ ပြသနိုင်မည်။
အစွန်းရောက်ဝါဒီများအတွက် ဖက်ဆစ်ဆန့်ကျင်ရေး အမွေအနှစ်ကို ဖက်ဆစ်ဝါဒ ထွန်းကားလာချိန်တွင် တွန်းလှန်တိုက်ခိုက်ခဲ့ကြသော စပိန်နှင့် အီတလီတောင်ကုန်းများရှိ ဂုဏ်ယူဝံ့ကြွားသော တိုက်ခိုက်ရေးသမားများကြားတွင် တွေ့နိုင်သည်။
အမေရိကန် ဖက်ဆစ်ဆန့်ကျင်ရေးသမားများသည် ပြည်တွင်းစစ်ခေတ်က ၎င်း၏လမ်းကြောင်းပေါ်ရှိ ကျွန်ဟောင်းများအတွက် လွတ်မြောက်ရေးအင်အားစုဖြစ်လာသည့် လူဖြူလူမည်းစစ်သားများကို ကြည့်ရှုနိုင်ပြီး အများစုမှာ ၎င်း၏ယူနီဖောင်းကို ဝတ်ဆင်ကာ ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ဆောင်ထားကြသည်။ ထိုသူတို့အား ကွန်ဖက်ဒရေးရှင်း၏ ပါတီဝင်များက မည်သို့ တွန်းလှန်ခဲ့ကြသည်ကိုလည်း ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်၊ အချို့မှာ အဖြူရောင် ယူနီဖောင်းနှင့် ခေါင်းစွပ်များ ဝတ်ဆင်ကာ ဖက်ဆစ် ပရိုတို လှုပ်ရှားမှု ဖြစ်လာကြပြီး တိုက်ပွဲ မည်သို့ ဆက်လက် ဖြစ်ပွားနေသည်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ ကျွန်ုပ်တို့၏လမ်းများပေါ်တွင် နာဇီအုပ်စုတစ်စုကို အကြမ်းဖက်ရန် ခွင့်မပြုခြင်းဖြင့်လည်း ကျွန်ုပ်တို့အများစုအတွက်၊ ကျွန်ုပ်တို့၏အဘိုးအဘွားများသည် ဥရောပတစ်ဝှမ်းတွင် ဖက်ဆစ်ဝါဒီများကို တိုက်ခိုက်ခဲ့ကြောင်း ကြွားနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ ဆွေမျိုးများ သို့မဟုတ် မွေးရပ်မြေ မည်သို့ပင်ရှိစေကာမူ ဖက်ဆစ်ဝါဒအား ဆန့်ကျင်တိုက်ခိုက်ခဲ့သော သူရဲကောင်းများအကြားမှ အသေအပျောက်များနှင့် အသက်ရှင်ကျန်ရစ်သူများမှတစ်ဆင့် အခြားဖြစ်နိုင်ချေကို ကျွန်ုပ်တို့ တွေးတောကြည့်ရှုနိုင်ပါသည်။
သမိုင်းရာဇ၀တ်မှုများအတွက် အပြစ်ရှိသူများနှင့် ဥပေက္ခာပြုခဲ့သူများအား ကျွန်ုပ်တို့ စစ်ဆေးနိုင်ပါသည်။ ဒါတွေအားလုံးကို မြင်ပြီး ဘယ်မှာ ရပ်တည်မယ်ဆိုတာကို ကြေငြာနိုင်ပါတယ်။ အားလုံးပါဝင်နိုင်သော လွတ်လပ်မှု၊ အကြောင်းပြချက်နှင့် လူ့အဖွဲ့အစည်းကို မြှင့်တင်ရန် လိုအပ်သော နေရာများကို ခုခံကာကွယ်ခြင်းသည် ပိုမိုကြီးမားသော အနာဂတ်ကို မြင်လိုသူများအတွက် အရေးကြီးသော မစ်ရှင်တစ်ခုဖြစ်သည်။
ဖက်ဆစ်ဝါဒကို ထိရောက်စွာ ခုခံကာကွယ်ရာတွင် ကြီးမားသော လမ်းပေါ်ထွက် လူထုစုဝေးပွဲများ ကျင်းပခြင်း၊ ခုခံကာကွယ်မှုဖွဲ့စည်းခြင်း၊ သတင်းအချက်အလက် စစ်ပွဲများတွင် ပါဝင်ခြင်း၊ လူသိများသော ဖက်ဆစ်များနှင့် ဖက်ဆစ်အကြမ်းဖက်မှုများကို ဖော်ထုတ်ခြင်း၊ ဒုက္ခရောက်နေသူများအတွက် အခြားလမ်းကြောင်းများ ပံ့ပိုးပေးခြင်း၊ ဖက်ဆစ်ဝါဒကို ဆန့်ကျင်ရန် လူထု၏ သန္နိဋ္ဌာန်ကို အားကောင်းစေခြင်းနှင့် ဖက်ဆစ်ဝါဒီများကို အခွင့်အလမ်းများ ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် နိုင်ငံရေးအာဏာနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်တိုင်းအတွက် အခန်းကဏ္ဍများစွာဖြင့် ကြီးမားသောလုပ်ဆောင်မှုဖြစ်ပြီး သင့်တင့်သော တုန့်ပြန်မှုဖြစ်သည်။ အာဏာရှိသူများသည် ဖက်ဆစ်ဝါဒအပေါ် ဆန့်ကျင်မှုတွင် အသုံးမကျ သုံးစားမရဖြစ်နေတတ်ပြီး ဖက်ဆစ်ဝါဒီများမှာ အာဏာရရန် လစ်ဘရယ်ဒီမိုကရေစီ၏ အခွင့်အာဏာကို ကျင့်သုံးမည့် ကန့်သတ်ချုပ်ချယ်မှုများကို အထင်အရှား ရှုတ်ချသောကြောင့် ပွင့်လင်းမြင်သာမှုရှိသည့်အချိန်တွင် ကျယ်ပြန့်သော ပူးပေါင်းပါဝင်မှုတို့ အရေးတကြီး လိုအပ်ပါသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how
The Center for a Stateless Society (www.c4ss.org) is a media center working to build awareness of the market anarchist alternative
Source: https://c4ss.org/content/60444
Anyone can join.
Anyone can contribute.
Anyone can become informed about their world.
"United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.
Before It’s News® is a community of individuals who report on what’s going on around them, from all around the world. Anyone can join. Anyone can contribute. Anyone can become informed about their world. "United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.
LION'S MANE PRODUCT
Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules
Mushrooms are having a moment. One fabulous fungus in particular, lion’s mane, may help improve memory, depression and anxiety symptoms. They are also an excellent source of nutrients that show promise as a therapy for dementia, and other neurodegenerative diseases. If you’re living with anxiety or depression, you may be curious about all the therapy options out there — including the natural ones.Our Lion’s Mane WHOLE MIND Nootropic Blend has been formulated to utilize the potency of Lion’s mane but also include the benefits of four other Highly Beneficial Mushrooms. Synergistically, they work together to Build your health through improving cognitive function and immunity regardless of your age. Our Nootropic not only improves your Cognitive Function and Activates your Immune System, but it benefits growth of Essential Gut Flora, further enhancing your Vitality.
Our Formula includes: Lion’s Mane Mushrooms which Increase Brain Power through nerve growth, lessen anxiety, reduce depression, and improve concentration. Its an excellent adaptogen, promotes sleep and improves immunity. Shiitake Mushrooms which Fight cancer cells and infectious disease, boost the immune system, promotes brain function, and serves as a source of B vitamins. Maitake Mushrooms which regulate blood sugar levels of diabetics, reduce hypertension and boosts the immune system. Reishi Mushrooms which Fight inflammation, liver disease, fatigue, tumor growth and cancer. They Improve skin disorders and soothes digestive problems, stomach ulcers and leaky gut syndrome. Chaga Mushrooms which have anti-aging effects, boost immune function, improve stamina and athletic performance, even act as a natural aphrodisiac, fighting diabetes and improving liver function. Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules Today. Be 100% Satisfied or Receive a Full Money Back Guarantee. Order Yours Today by Following This Link.

Google translate this so I can read it